ミャンマーの特例は危険!今はいいけど、ミャンマー情勢が落ち着いたら、更新できなくなります。変更も認められなくなると思います

植村 貴昭
この内容を書いた専門家
元審査官・弁理士
行政書士(取次資格有)
登録支援機関代表
有料職業紹介許可有

မြန်မာနိုင်ငံနိုင်ငံရေးအခြေအနေမတည်ငြိမ်ခြင်းကြောင့်ယာယီ‌နေထိုင်ခွင့်ဗီဇာအဖြစ်‌‌လျှောက်ထားရန်ခွင့်ပြုထားသောTokutei Katsudo သည်ခိုင်မာသောဗီဇာအမျိုးအစားမဟုတ်ပါ။လက်ရှိနိုင်ငံရေးအခြေအ‌နေအရနေထိုင်ခွင့်ရရှိနိုင်သော်လည်းမြန်မာနိုင်ငံရေးအခြေအနေတည်ငြိမ်လာပါကထိုဗီဇာသည်ပါယ်ဖျက်မှာဖြစ်ပါသည်။ထို့အပြင်အခြားနေထိုင်ခွင့်ဗီဇာသို့ပြောင်းလဲလျှောက်ထားခြင်းကိုလည်းရရှိနိုင်မည်မဟုတ်ဟု ထင်မြင်ယူဆမိပါသည်။

↓ မြန်မာဘာသာဖြင့်
ミャンマーの特例は危険!今はいいけど、ミャンマー情勢が落ち着いたら、更新できなくなります。変更も認められなくなると思います

မြန်မာနိုင်ငံနိုင်ငံရေးအခြေအနေမတည်ငြိမ်ခြင်းကြောင့်ဂျပန်တွင်နေထိုင်လျှက်ရှိသည့်မြန်မာလူမျိုးများအားလျှောက်ထားခွင့်ပြုထားသောTokutei Katsudo ဗီဇာသည်မည်သူမဆို၊မည်သည့်အနေအထားမဆို လျှောက်ထားနိုင်သည်။

ပွဲစားများကအလုပ်သင်သင်တန်းသားများအားအလုပ်မှထွက်ပြေးရန်တိုက်တွန်းနေကြောင်းကြားသိရပါသည်။

ထိုဗီဇာသည်မည်သူမဆို၊မည်သည့်အနေအထားမဆိုလျှောက်ထားရန်ခွင့်ပြုထားသည်ဖြစ်ပါသောကြောင့်အလုပ်သင်မှထွက်ပြေးသူများလည်းလျှောက်ထားပါကဗီဇာရနိုင်ပါသည်။

ထို့ပါသောကြောင့် အလုပ်ချိန်ကန့်သတ်ချက်၊အလုပ်အမျိုးအစားစသည်တို့သည် ကန့်သတ်ချက်မရှိလွတ်လပ်စွာလုပ်ကိုင်နိုင်ပြီး၊ အလုပ်သင်သင်တန်းသားကဲ့သို့ အမျိုးမျိုးသောစည်းကမ်းများသတ်မှတ်ခံရခြင်းများလည်းမရှိပဲ၊လစာလည်းပိုမိုရနိုင်ပါသည်။

သို့သော်လည်း ယာယီသတ်မှတ်ဗီဇာဖြစ်သောကြောင့် နောက်ပိုင်းတွင် မည်သို့ဖြစ်လာနိုင်မည်လဲ?

နေထိုင်ခွင့်ဗီဇာပြောင်းလဲလျှောက်ထားခြင်း

ကျွန်ုပ်၏ဗီဇာအကျိုးဆောင်ရုံးသည်မြန်မာနိုင်ငံအတွက်လျှောက်ထားခွင့်ပြုထားသော Tokutei Katsudo မှ Tokutei Ginouဟုခေါ်သည့်ကျွမ်းကျင်လုပ်သားဗီဇာသို့နေထိုင်ခွင့်ဗီဇာပြောင်းလဲလျှောက်ထားခြင်းအား ၂ကြိမ်ဆောင်ရွက်ပေးခဲ့သည့်အတွေ့အကြုံရှိခဲ့ပါသည်။

ခန့်မည့်အလုပ်ကုမ္ပဏီအမျိုးအစားသည်အမှတ် ၂ အဆင့်ဖြစ်ပြီး ၊ Tokutei Ginou ကျွမ်းကျင်လုပ်သားဗီဇာဖြင့်နည်းပညာသင်တန်းသားဗီဇာဖြင့်သတ်မှတ်ကာလအောင်မြင်ပြီးနောက်Tokutei Ginouကျွမ်းကျင်လုပ်သားဗီဇာပြောင်းထားသောဝန်ထမ်းအများအပြားလုပ်ကိုင်လျှက်ရှိပါသည်။အလုပ်ကုမ္ပဏီ၏အခြေအနေသည်သတ်မှတ်စံချိန်မှီစံနှုန်းပြည့်မှီကောင်းမွန်သောအလုပ်ကုမ္ပဏီဖြစ်ပါသည်။

သို့ပါသော်လည်းကျွန်ုပ်၏ဗီဇာအကျိုးဆောင်ရုံးမှထိုနှစ်ယောက်အား Tokutei Ginou ကျွမ်းကျင်လုပ်သားဗီဇာသို့ လျှောက်ထားပေးခဲ့သော်လည်းလူဝင်မှုကြီးကြပ်ရေးဌာနမှဗီဇာချပေးခြင်းမပြုခဲ့ပါ။ထို ၂ ယောက်သည်ကျောင်းသားဗီဇာဖြင့်နေထိုင်နေစဥ်အတွင်းကျောင်းထွက်စာမတင်ပဲမိမိဆန္ဒဖြင့်ကျောင်းထွက်ကြခဲ့သူများဖြစ်ပါသည်။

  Tokutei Katsudo ‌မတိုင်မှီ(ယခင်ဗီဇာ)နေထိုင်ခွင့်ဗီဇာတွင်စည်းကမ်း‌ချိုးဖောက်ခြင်း

Tokutei Katsudo ‌မတိုင်မှီ(ယခင်ဗီဇာ)နေထိုင်ခွင့်ဗီဇာတွင်စည်းကမ်း‌ချိုးဖောက်(ကျောင်း၊အလုပ်စသည်တို့မှ သတ်မှတ်ကာလမတိုင်ခင်ထွက်ပြေခြင်းစသည်)ခဲ့သော်လည်းယာယီ‌နေထိုင်ခွင့်ဗီဇာ Tokutei Katsudo ဗီဇာသည်ရရှိနိုင်ပါသော်လည်းထိုဗီဇာမှအခြားသောနေထိုင်ခွင့်ဗီဇာသို့ပြောင်းလဲခြင်းသည်အလွန်ခက်ခဲပါလိမ့်မည်။

 အလုပ်မှထွက်ပြေးခြင်း・သတ်မှတ်အချိန်ကျော်လွန်၍အလုပ်လုပ်ကိုင်ခြင်း

ထို့ပါသောကြောင့် သတ်မှတ်ထားသောကာလအတွင်းထွက်ပြေးခြင်းသည်လုံးဝမပြုလုပ်သင့်ပါ။

ထို့ပါသောကြောင့် သတ်မှတ်ထားသောအခြေအနေ (ဥပမာ 28နာရီအလုပ်ချိန်၊သတ်မှတ်ထားသောအလုပ်တွင်သတ်မှတ်ကာလပြည့်သည်အထိ)စည်းကမ်းချက်များအားလိုက်နာရန်လိုအပ်ပါသည်။

သက်တမ်းတိုးခြင်းအားဘယ်အချိန်တွင်ရပ်တံ့မည်လဲ?

မြန်မာနိုင်ငံနိုင်ငံရေးအခြေအနေမတည်ငြိမ်ခြင်းကြောင့်ချပေးလျှက်ရှိသောယာယီ‌နေထိုင်ခွင့်ဗီဇာသည်တိုင်းပြည်အခြေအနေအရတိုင်းပြည်ပြန်ရန်အန္တာရာယ်ရှိသည်ဟုဆိုသည့်အကြောင်းပြချက်ဖြင့် ဂျပန်တွင်ယာယီနေထိုင်ခွင့်ပေးထားခြင်းသာဖြစ်သည်။

ထိုကြောင့် 「အန္တာရာယ်မရှိတော့ပါကပြန်မည်」 ဟူသောအချက်အလက်ပါဝင်နေသည်။သို့ပါသော်လည်း တိုင်းပြည်ပြန်ရန်အန္တာရာယ်မရှိတော့ပါက

မြန်မာနိုင်ငံနိုင်ငံရေးအခြေအနေမတည်ငြိမ်ခြင်းကြောင့်ချပေးလျှက်ရှိသောယာယီ‌နေထိုင်ခွင့်ဗီဇာကိုလည်း ဆက်လက်၍ခွင့်ပြုပေးတော့မှာမဟုတ်ပါ။

ထို့ပါသောကြောင့် သက်တမ်းတိုးခြင်းအားရပ်ဆိုင်းခံရပြီးနောက် အခြားနေထိုင်ခွင့်ဗီဇာသို့ပြောင်းလဲရန်စဥ်းစားပါကပြောင်းလဲရန်အလွန်ခက်ခဲပါလိမ့်မည်

ထိုဗီဇာသည်မြန်မာနိုင်ငံအတွက်ပေးထားသောနိုင်ငံရေးခိုလုံခွင့်လျှောက်ထားခြင်းသာသာသဘောမျှသာဖြစ်ပါသည်။

အသေးစိတ်အားအောက်မှ လင့်မှ လေ့လာနိုင်ပါသည်။

難民ビザでは特段の事情がない限りいつか帰国させられることになります:難民から特定技能への変更申請も検討

ထို့ပါသောကြောင့်ပွဲစားပြောစကားအားမယုံကြည်သင့်ပါ!

ပွဲစားသည်သင့်အားအလုပ်သစ်မိတ်ဆက်ပါကသူသည်မိတ်ဆက်ခရပါလိမ့်မည်။ထို့အတွက်သူသည်စကားချိုသုံးပြီးအလုပ်ပြောင်းရန်၊ထွက်ပြေးရန်သင့်အားတိုက်တွန်းပါလိမ့်မည်။

သို့သော်ပွဲစားများသည်အလုပ်ပြောင်းပြီးနောက်ပိုင်းဖြစ်လာမည့်သင့်ကိစ္စအားစဥ်းစားပေးမှာမဟုတ်ပါ။

ပွဲစားများသည် လောလောဆယ်သင့်အားအလုပ်ပြောင်းရန်တိုက်တွန်းပြီးသင်ထွက်ပြေးပါကထိုပွဲစားသို့မိတ်ဆက်ခငွေအားအလုံးအရင်းဝင်လာမှာဖြစ်တာကြောင့်ဖြစ်ပါသည်။

သင်သည်လည်းလက်တလောအခြေအနေကိုသာကြည့်ပြီးမြန်မာနိုင်ငံနိုင်ငံရေးအခြေအနေမတည်ငြိမ်ခြင်းကြောင့်ချပေးလျှက်ရှိသောယာယီ‌နေထိုင်ခွင့်ဗီဇာသည်ဆက်လက်တည်မြဲ‌နေမည်ဟုထင်မြင်ကောင်းထင်မြင်ပါလိမ့်မည်။

သို့ပါသော်လည်းအလုပ်မှထွက်ပြေးခဲ့ပါကနောင်တွင်သက်တမ်းတိုးခြင်း၊ဗီဇာပြောင်းလဲခြင်းအခွင့်ရေးကောင်းများကိုစွန့်လွှတ်ရပြီး

  နောက်ဆုံး‌တွင် မျက်ရည်များဖြင့်ဂျပန်မှ  ပြန်ရမှာဖြစ်ပါသည်။

ထို့ပါကြောင့်မိမိအနာဂါတ်အတွက် သေချာစဥ်စားပြီးမှသာ လုပ်ဆောင်ကြရန်တိုက်တွန်းပါသည်။

その他の処置(帰国困難)

ミャンマー特例の出入国在留管理庁のまとめページ

短期滞在の更新の一例:ミャンマー特例措置:入国時孫の世話(親族訪問)

ミャンマー特例:短期滞在(観光ビザ)→特定活動(ミャンマー特例)の事例:短期滞在の更新へ

 

 

©行政書士 植村総合事務所 行政書士 植村貴昭