အလုပ်ရှာဖွေလျက်ရှိသောနိုင်ငံခြားသားများအတွက်စာမျက်နှ

植村 貴昭
この内容を書いた専門家
元審査官・弁理士
行政書士(取次資格有)
登録支援機関代表
有料職業紹介許可有

အလုပ်ရှာဖွေလျက်ရှိသောနိုင်ငံခြားသားများအတွက်စာမျက်နှာ

အောက်တွင်ဖော်ြပထားပါသောအချက်များအပေါ်မူတည်၍အကြံပေးမှုများမတူညီနိုင်ပါသောကြောင့် မိမိ၏နေထိုင်ခွင့်ဗီဇာနှင့်ကိုက်ညီသည့်အကြံပြုချက်များကိုလေ့လာကြည့်ရူ့နိုင်ပါသည်။

A အထူးလုပ်ရှားမှုဗီဇာ  Tokuteikatsudo Visa

(နည်းပညာရှင်၊အတတ်ပညာရှင်၊ရုံးလုပ်ငန်းနှင့်ဆိုင်ရာဗီဇာအားလက်ရှိကိုင်ဆောင်ထားသူ)

ထိုဗီဇာကိုင်ဆောင်ထားသူသည်ကိုလိုနာ‌ကြောင့်သော်လည်းကောင်း၊ယခင်အလုပ်မှနှုတ်ထွက်ခြင်းခံရပြီးနောက်အလုပ်သစ်အားပြန်လည်မရှာဖွေနိုင်သေးသည့်အခြေအနေတွင်ဗီဇာသက်တမ်းကုန်ခါနီးဖြစ်၍ အထူးလုပ်ရှားမှုဗီဇာသို့ပြောင်းလဲထားသူဖြစ်မည်ဟုထင်မြင်ယူဆမိပါသည်။

အထူးလုပ်ရှားမှုဗီဇာသည်နောက်တကြိမ်သက်တမ်းတိုးနိုင်ခြင်းရှိ၊မရှိအားယခုအ‌ချိန်တွင်သေချာမသိသေးပါ။နောက်အခေါက်ဗီဇာသက်တမ်းမတိုးခင်ကာလအတွင်းတွင်အထူးလုပ်ရှားမှုဗီဇာသို့ပြောင်းလဲလျှောက်ထားနိုင်ပါသည်။အထူးလုပ်ရှားမှုဗီဇာသို့သက်တမ်းတိုးလျှောက်ထားခြင်းဆိုသည်မှာ အထူးလုပ်ရှားမှုဗီဇာခွင့်ပြုချက်ရရှိထားသည့်ကာလဖြစ်သည့်၆လတာကာလအတွင်းတွင် အလုပ်အသစ်အားရှာဖွေမတွေ့သည့်အဓိပါယ်ဖြစ်သည်။

ဤအချက်သည်လူဝင်မှုကြီးကြပ်ရေးဌာနအနေဖြင့်ဆက်လက်နေထိုင်ခွင့်ပြရန်မလိုအပ်သောနိုင်ငံခြားသားအဖြစ်သတ်မှတ်ခံရနိုင်ခြေ များနိုင်ပါသည်။

ထို့ပါသောကြောင့် အထူးလုပ်ရှားမှုဗီဇာမှအခြားဗီဇာသို့အမြန်ဆုံးပြောင်းလဲသင့်ပါသည်။

အဓိကအားဖြင့်

① ယခင်ဗီဇာအမျိုးအစားဖြစ်သောနည်းပညာရှင်၊အတတ်ပညာရှင်၊ရုံးလုပ်ငန်းဆိုင်ရာအလုပ်အမျိုးအစားသို့ တဖန်ပြန်လည်လုပ်ကိုင်နိုင်ရန် အလုပ်သစ်ရှာရပါမည်။

② WhiteColour(WorkPermit)အလုပ်အမျိုးအစားအားရှာဖွေရန်အခက်အခဲရှိပါကအထူး

ကျွမ်းကျင်လုပ်သားဗီဇာစာမေးပွဲဖြေဆို၍လုပ်ငန်းခွင်တွင်လုပ်ကိုင်နိုင်သောအလုပ်အားလုပ်ကိုင်၍လောလောဆယ်နေထိုင်ခွင့်တည်မြဲစေရန် လုပ်ဆောင်သင့်ပါသည်။

③ ①နှင့်သည်ခက်ခဲနေပါကဂျပန်ဘာသာစကားကျောင်းအစရှိသောကျောင်းများသို့လောလောဆယ်ကျောင်းတက်ရောက်ပညာသင်ကြားနေရင်းဖြင့်အချိန်ယူ၍နည်းပညာ၊အတတ်ပညာ၊ရုံးအလုပ်ဆိုင်ရာအလုပ်အားရှာဖွေ၍တဖန်ပြန်လည်လုပ်ကိုင်သင့်ပါသည်ဟုအကြံပြုလိုပါသည်။

① အထက်တွင်ဖော်ပြထားသော①အမျိုးအစားအတွက်ယခုအခြေအနေတွင်၎င်းဗီဇာအတွက်အလုပ် မိတ်ဆက်ပေးခြင်းအားကျွနိုပ်တို့ရုံးမှမဆောင်ရွက်နိုင်သေးပါသောကြောင့်ခေတ္တစောင့်ဆိုင်းပေးပါရန် မေတ္တာရပ်ခံပါသည်။

②  အမျိုးအစားအတွက်အထူးကျွမ်းကျင်လုပ်သားစာမေးပွဲဖြေဆိုအောင်မြင်ပါက အလုပ်ရှာဖွေပေးနိုင်မည်ဟုထင်မြင်မိပါသည်။စာမေးပွဲအောင်မြင်ပါကကျွနိုပ်တို့ထံသို့ဆက်သွယ်ပေးပါ။ထိုအချိန်တွင် 「A-2」နံပါတ်အနေဖြင့် ဆက်သွယ်ပေးစေလိုပါသည်။ အထူးကျွမ်းကျင်လုပ်သားစာမေးပွဲအတွက်သတင်းအချက်အလက်များအား အထူးကျွမ်းကျင်စာမေးပွဲ သတင်းအချက်အလက်နေရာတွင်စုစည်းဖော်ပြပေးထားပါသည်။

လိုအပ်သည့် အချက်အလက် (တွဲလျက်ဖော်ပြချက်မပါသောမေးမြန်းခြင်းအားပြန်လည်ဖြေကြားပေးမည်မဟုတ်ပါ။)

. 「A-2」နံပါတ်အတွက်လိုအပ်ချက်
. နေထိုင်ခွင့် ကတ်ပြား မျက်နှာစာ၊ကျောဘက် ပုံ
. အဆင့်၃ အောင်လက်မှတ် ၊ တနည်းအားဖြင့် ကျွမ်းကျင်လုပ်သားအဆင့်၃အောင်လက်မှတ်

③ အမျိုးအစားအတွက် ဂျပန်ဘာသာစကားကျောင်းသို့တက်ရောက်လိုပါက မိတ်ဆက်ပေးပါမည်။ သို့သော် ကျောင်းလခကုန်ကျပါမည်။

လိုအပ်သည့် အချက်အလက် (တွဲလျက်ဖော်ပြချက်မပါသောမေးမြန်းခြင်းအားပြန်လည်ဖြေကြားပေးမည်မဟုတ်ပါ။)

. 「A-3」နံပါတ်အတွက်လိုအပ်ချက်
.နေထိုင်ခွင့်ကတ်ပြား မျက်နှာစာ၊နောက်ကျော ပုံ
. ဂျပန်ဘာသာစကားကျောင်းနေရာ(တိုကျို,အိုစကာစသည်)

B အထူးလုပ်ရှားမှုဗီဇာTokutei katsudo(ယခင်အလုပ်သင်ဗီဇာTraining Visa)

①ထိုဗီဇာသမားများအတွက်ကျွနိုပ်တို့ရုံးမှအလုပ်မိတ်ဆက်ပေးနိုင်ပေးနိုင်ခြေရှိပါသည်။သို့သော် ၂နှစ်၁၀လကျော်အထက် အလုပ်သင်ဝန်ထမ်းအဖြစ် လုပ်သက်ရှိနေရန်လိုအပ်ပြီး၊လုပ်သက်၃နှစ်မြောက်တွင်ဖြေဆိုရသောအလုပ်နှင့်ဆိုင်ရာစာမေးပွဲကိုအောင်မြင်သူသာ စသည့်ကန့်သတ်ချက်ရှိပါသည်။

အထက်ပါအချက်နှင့်အချက်နှင့်အကျုံးဝင်သူများသည် 「B-1」ဟုနံပါတ်စဥ်တပ်ပြီး၊အလုပ်သင်ဗီဇာ၏နေထိုင်ခွင့်ကတ်မိတ္တူကိုဓါတ်ပုံရိုက်ကူး၍ကျွနိုပ်တို့ထံသို့ပေးပို့ဆက်သွယ်နိုင်ပါသည်။

လိုအပ်သောအချက်အလက်
(တွဲလျက်ဖော်ပြချက်မပါသောမေးမြန်းခြင်းအားပြန်လည်ဖြေကြားပေးမည်မဟုတ်ပါ။)

. 「B-1」နံပါတ်၏ လိုအပ်ချက်များ
. နေထိုင်ခွင့်ကတ်ပြားရှေ့နောက် ပုံ
‌.အလုပ်နှင့်ဆိုင်ရာစာမေးပွဲ‌အောင်လက်မှတ် ပုံ

②အထက်ပါအချက်အလက်များနှင့် ကိုက်ညီမှုမရှိသူသည် ဗီဇာပြောင်းလဲလျှောက်

ထားရန်အခက်အခဲရှိပါသောကြောင့်အထူးကျွမ်းကျင်စာမေးပွဲဖြေဆိုခြင်း၊ဂျပန်ဘာသာစကားကျောင်းတက်ရောက်ခြင်းအစရှိသည့်အချက်များပါထည့်သွင်းစဥ်းစားသင့်ပါသည်။

အထူးကျွမ်းကျင်စာမေးပွဲဖြေဆိုမည်ဟု စဥ်းစားထားသူများသည် စာမေးပွဲ‌အောင်

မြင်ပြီးနောက် ကျွနိုပ်တို့ ရုံးထံဆက်သွယ်ပေးပါက အလုပ် မိတ်ဆက်ပေးနိုင်ပါသည်။

ဂျပန်ဘာသာစကားကျောင်းတက်ရောက်လိုသူများသည် ကျွနိုပ်တို့ ရုံးမှ ကျောင်းမိတ်ဆက်ပေးပါမည်။

လိုအပ်သောအချက်အလက်ပြည့်စုံစွာမတင်ပြနိုင်သော(နံပါတ်၊လိုအပ်ချက်များတွဲလျက်ဖော်

ပြချက်မပါရှိပါက လက်ခံဆောင် ရွက်ပေးမည်မဟုတ်ပါ)

. 「B-2」နံပါတ်၏လိုအပ်ချက်များ
.နေထိုင်ခွင့်ကတ်ပြားရှေ့နောက် ပုံ
.ဂျပန်ဘာသာစကားကျောင်းတက်ရောက် လိုသည့်နေရာ(တိုကျို၊အိုစကာ)

C အထူးလုပ်ရှားမှု ဗီဇာ Tokutei Katsudo

(အထူးကျွမ်းကျင်ဗီဇာTokutei GinoVisaမှပြောင်းလဲခြင်း)

ထိုဗီဇာဖြစ်ပါက ချက်ခြင်းအလုပ်မိတ်ဆက်နိုင်ခြေရှိပါသည်။နေထိုင်ခွင့် ကတ်ပြားပုံ ရိုက်ကူး၍ 「C」   ဟုနံပါတ်တပ်၍ဆက်သွယ်အကြောင်းကြားပေးပါ။

လိုအပ်သောအချက်အလက်
(တွဲလျက်ဖော်ပြချက်မပါသောမေးမြန်းခြင်းအားပြန်လည်ဖြေကြားပေးမည်မဟုတ်ပါ။)

・「C」နံပါတ်၏လိုအပ်ချက်များ
.နေထိုင်ခွင့်ကတ်ပြားရှေ့နောက် ပုံ
‌.အလုပ်နှင့်ဆိုင်ရာစာမေးပွဲ‌အောင်လက်မှတ် ပုံ

D အထူးကျွမ်းကျင် ဗီဇာ Tokutei GinoVisaကိုင်ဆောင်ထားသူ

အလုပ်မှရပ်ဆိုင်းခံရသည်ဟုထင်မြင်မိပါသည်။

ချက်ခြင်းအလုပ်သစ်မိတ်ဆက်ပေးနိုင်မည်ဟုထင်မြင်မိပါသည်။ယခုလက်ရှိဗီဇာအမျိုးအစားပုံအား
ရိုက်ကူး၍  「D」 ဟုနံပါတ်တပ်ကာ ကျွနိုပ်တို့ ရုံးထံဆက်သွယ်ပေးပါ။

လိုအပ်သောအချက်အလက်
(တွဲလျက်ဖော်ပြချက်မပါသောမေးမြန်းခြင်းအားပြန်လည်ဖြေကြားပေးမည်မဟုတ်ပါ။)

・「D」 နံပါတ်၏လိုအပ်ချက်များ
・နေထိုင်ခွင့်ကတ်ပြားရှေ့နောက် ပုံ

E ကျောင်းသားဗီဇာကိုင်ဆောင်ထားသူ

ရွေးချယ်စရာအမျိုးမျိုးရှိပါသည်။

① ဟုခေါ်ဆိုသောအလုပ်အမျိုးအစားကိုရှာဖွေတွေ့ရှိပါကနည်းပညာ၊အတတ်ပညာ၊ရုံးအလုပ်ဆိုင်ရာအဖြစ်ပြောင်းလဲလျှောက်ထားနိုင်ပါသည်။

လိုအပ်သောအချက်အလက်
(တွဲလျက်ဖော်ပြချက်မပါသောမေးမြန်းခြင်းအားပြန်လည်ဖြေကြားပေးမည်မဟုတ်ပါ။)

・「E-1」နံပါတ်၏လိုအပ်ချက်များ
・နေထိုင်ခွင့်ကတ်ပြားရှေ့နောက် ပုံ

②အလုပ်အသစ်ရှာဖွေရန်ခက်ခဲပါက လောလောဆယ်အခြေအနေတွင် အထူးကျွမ်းကျင်လုပ်သားဗီဇာသို့ရွေးချယ်စရာရှိပါသည်။ထို့နောက် နည်းပညာ၊အတတ်ပညာ၊ရုံးအလုပ်ဆိုင်ရာသို့ပြောင်းလဲနိုင်ပါသောကြောင့် ကိုလိုနာကာလတွင် ထိုကဲ့သို့ပြောင်းလဲခြင်းသည် ရာခိုင်နှုန်းများပါသည်။

③ထို့အပြင် ကျောင်းတက်နေစဥ်တွင် အထူးကျွမ်းကျင်စာမေးပွဲဖြေဆို၍ အထူးကျွမ်းကျင်လုပ်သားဗီဇာသို့ပြောင်းလဲခြင်းသို့လည်းလုပ်ဆောင်နိုင်ပါသည်။

F ဒုက္ခသည်ဗီဇာသို့လျှောက်ထားသူများ

ဒုက္ခသည်ဗီဇာသည် ယခုကာလတွင် ခက်ခဲနေပါသည်။

ဥပမာအားဖြင့် မြန်မာနိုင်ငံသည် နောင်တွင် ဒုက္ခသည်လျှောက်ထားခြင်းမှာ ဖြစ်နိုင်ခြေရှိပါသော်လည်း ယခုကာလတွင် ရိုဟင်ဂျာဖြစ်မနေပါက ဒုက္ခသည်လျှောက်ထားခြင်းမှာခက်ခဲနိုင်ပါသည်။

ထို့ပါသောကြောင့် အခြားဗီဇာသို့ပြောင်းလဲလျှောက်ထားသင့်ပါသည်။

နံပါတ်A   နှင့်အခြေအနေတူပါသည်။

နံပါတ်「F」 ရေး၍  A  နံပါတ် နှင့် အညီ ဆက်သွယ်ပေးပါ။

ဥပမာအားဖြင့်  「F-A-2」 အစရှိသဖြင့်ရေးသားပေးပါ။

လိုအပ်သောအချက်အလက်
(တွဲလျက်ဖော်ပြချက်မပါသောမေးမြန်းခြင်းအားပြန်လည်ဖြေကြားပေးမည်မဟုတ်ပါ။)

・「F-Aー?」နံပါတ် ၏လိုအပ်ချက်
.နေထိုင်ခွင့်ကတ်ပြားရှေ့နောက် ပုံ

G အခြားနေထိုင်ခွင့်ဗီဇာဖြင့်နေထိုင်သူများ

A နံပါတ်နှင့်တူညီပါသည်။

「G」နံပါတ်ရေးသား၍  A နံပါတ်အပိုင်းတွင်ပါဝင်ပါသည်။

လိုအပ်သောအချက်အလက်
(တွဲလျက်ဖော်ပြချက်မပါသောမေးမြန်းခြင်းအားပြန်လည်ဖြေကြားပေးမည်မဟုတ်ပါ။)

・「G-Aー?」နံပါတ်၏လိုအပ်ချက်
.နေထိုင်ခွင့်ကတ်ပြားရှေ့နောက် ပုံ

H ဗီဇာမရှိသူများနှင့်ပါတ်သတ်၍

မိမိတိုင်းပြည်မှ ဂျပန်သို့လာရောက်အလုပ်လုပ်လိုသူများဖြစ်ပါသည်။

① ကျောင်းဗီဇာ
ကျောင်းတက်ရောက်လိုပါက ဂျပန်တွင်တက်ရောက် လိုသောကျောင်းမိတ်ဆက်ပေးပါမည်။

②နည်းပညာ၊အတတ်ပညာ၊ရုံးအလုပ်ဆိုင်ရာ ဗီဇာ
တက္ကသိုလ် မှဘွဲ့ရရှိသူများသည် နည်းပညာ၊အတတ်ပညာ၊ရုံးအလုပ်ဆိုင်ရာဗီဇာ သို့ ရရှိနိုင်ခြေရှိပါသည်။သို့သော် ထိုအလုပ်သို့မိတ်ဆက်ပေးနိုင်ခြင်းမရှိပါသော‌ကြောင့် ကိုယ်တိုင်ရှာဖွေရမှာဖြစ်ပါသည်။အလုပ်ရှာဖွေတွေ့ရှိပါက ဗီဇာလျှောက်ထားခြင်းဆိုင်ရာဝန်ဆောင်မှုကို ကျွနိုပ်တို့မှဆောင်ရွက်ပေးနိုင်ပါသည်။

ကုမ္ပဏီတွေ့ရှိပါက「H-2」   နံပါတ်အားရေး၍ကုမ္ပဏီ၏သတင်းအချက်အလက်နိုင်ငံကူးလက်မှတ် အားတွဲလျှက်တင်ပြပါ။

လိုအပ်သောအချက်အလက်
(တွဲလျက်ဖော်ပြချက်မပါသောမေးမြန်းခြင်းအားပြန်လည်ဖြေကြားပေးမည်မဟုတ်ပါ။)

・「H-2」နံပါတ်၏လိုအပ်ချက်များ
.ဂျပန်ကုမ္ပဏီ၏အကြောင်းအရာအချက်အလက်
.  နိုင်ငံကူးလက်မှတ်

③Tokutei GinoVisa
တက္ကသိုလ်မှဘွဲ့မရရှိသူ၊ပညာတော်သင်မှအခြားနည်းလမ်းမှာအထူးကျွမ်းကျင်လုပ်သားဗီဇာသို့ဖြစ်ပါသည် ။အဲ့သည်အတွက် အထူးကျွမ်းကျင်လုပ်သားစာမေးပွဲကိုဖြေဆိုရန်လိုအပ်ပါသည်။ဂျပန်သို့‌အလည်ဗီဇာလာရောက်ဖြေဆိုခြင်းနှင့်မိမိတိုင်းပြည်တွင်ဖြေဆိုခြင်းအစရှိသဖြင့်နည်းလမ်းအမျိုးမျိုးရှိပါသည်။

④ နည်းပညာလုပ်သားဗီဇာTraining Visa
ကျွနိုပ် တို့ရုံးမှအလုပ်သင်ဗီဇာအတွက်ဝန်ဆောင်ပေးခြင်းမရှိပါ၊
မိမိတိုင်းပြည် မှ အေဂျင်စီများထံသို့စုံစမ်းကြည့်ပါ။

出入国管理庁のHPはこちら

コロナウイルスの影響に関する記事です。

Covid19Coronaဗိုင်းရပ်စ်ပျံ့ပွားခြင်းအကျိုးသက်ရောက်မှုကြောင့် အလုပ်အခက်အခဲရှိသောနိုင်ငံခြားသားများသို့အလုပ်ထောက်ပံ့ပေးခြင်း

 

©行政書士 植村総合事務所 登録支援機関植村総合事務所 代表行政書士 植村貴昭