Covid19Coronaဗိုင်းရပ်စ်ပျံ့ပွားခြင်းအကျိုးသက်ရောက်မှုကြောင့် အလုပ်အခက်အခဲရှိသောနိုင်ငံခြားသားများသို့အလုပ်ထောက်ပံ့ပေးခြင်း

植村 貴昭
この内容を書いた専門家
元審査官・弁理士
行政書士(取次資格有)
登録支援機関代表
有料職業紹介許可有

Covid19Coronaဗိုင်းရပ်စ်ပျံ့ပွားခြင်းအကျိုးသက်ရောက်မှုကြောင့်

အလုပ်အခက်အခဲရှိသောနိုင်ငံခြားသားများသို့အလုပ်ထောက်ပံ့ပေးခြင်း

 

Covid19Coronaဗိုင်းရပ်စ်ပျံ့ပွားခြင်းအကျိုးသက်ရောက်မှုကြောင့်အလုပ်ထုတ်ပယ်ခြင်းခံရ၍၊အလုပ်အဆင်မပြေဖြစ်သွားသောနိုင်ငံခြားသားများအတွက်ရည်ရွယ်၍အထူးကျွမ်းကျင်လုပ်ငန်းခွင်နယ်ပါယ်များသို့တဖန်ပြန်လည်အလုပ်ရှာဖွေပေးရန်အတွက်ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

Covid19Coronaဗိုင်းရပ်စ်ပျံ့ပွားခြင်းအကျိုးသက်ရောက်မှုကြောင့်ဂျပန်နိုင်ငံတွင်းရှိနိုင်ငံခြားသားအလုပ်သမားများနှင့်အလုပ်ရှင်များသည်ကြီးမားသောဆုံးရူံးမှုများတွေ့ကြုံနေရပါသည်။ယခုပံ့ပိုးမှုစနစ်

သည်အလုပ်အကိုင်ဆုံးရူံးသွား‌သည့်နိုင်ငံခြားသားအလုပ်သမားများအားအလုပ်အကိုင်ရှာ‌‌‌‌‌ဖွေပေးနိုင်ခြင်း သာမကအလုပ်သင်သင်တန်းသားများဂျပန်သို့လာရောက်နိုင်ခြင်းမရှိသောကြောင့်အလုပ်သမားမလုံလောက်၍အခက်တွေ့ကြုံနေရသောစိုက်ပျိုးရေး၊ပြုစုစောက်ရှောက်ရေးလုပ်ငန်းခွင်များသို့အလုပ်လက်မဲ့ဖြစ်သွားသည့်နိုင်ငံခြားသားအလုပ်သမားများအားအလုပ်ပြန်လည်လုပ်ကိုင်နိုင်ခွင့်ရရှိနိုင်ခြင်းကြောင့်လုပ်ငန်းရှင်များအတွက်လည်းအလွန်ကောင်းမွန်သောစနစ်ဖြစ်ပါသည်။

 

【အကျုံးဝင်သူ】

၁ Covid19Coronaဗိုင်းရပ်စ်ပျံ့ပွားခြင်းအကျိုးသက်ရောက်မှုကြောင့်အလုပ်ထုတ်ပယ်ခြင်းခံရသော

နိုင်ငံခြားသားအလုပ်သင်သင်တန်းသား၊အထူးကျွမ်းကျင်လုပ်သား။

၂ Covid19Coronaဗိုင်းရပ်စ်ပျံ့ပွားခြင်းအကျိုးသက်ရောက်မှုကြောင့်စာချုပ်ပယ်ဖျက်ခြင်းခံရ‌သော ကျောင်းသား။

ယခုအကျုံးဝင်သူသတ်မှတ်ချက်မှာအထက်ပါအတိုင်းဖြစ်သော်လည်း၊ထို့အပြင်အခြားနေထိုင်ခွင့်ရှိသူများအားလည်းထောက်ပံ့ပေးခြင်းအစီအစဥ်ရှိလာနိုင်ပါသည်။

 

【အားသာချက်】

နိုင်ငံခြားသားအလုပ်သင်သင်တန်းသား၊အထူးကျွမ်းကျင်လုပ်သားများသည်လုပ်ငန်းအမျိုးအစားမတူသော လုပ်ငန်းခွင်သို့ပြောင်းလဲလုပ်ပိုင်ခွင့်မရှိပါ။သို့သော်ယခုထောက်ပံ့ပေးခြင်းစနစ်(အောက်တွင် “အထူးစီမံကိန်းစနစ်”ဟူသောစကားလုံးကိုအသုံးပြုမည်)သည်အထူးခြွင်းချက်အနေဖြင့်အခြားလုပ်ငန်းခွင်သို့ပြောင်းလဲခွင့်ရှိသည်။ထိုအချက်သည်အထူးစီမံကိန်းစနစ်၏အဓိကအကြောင်းအရာဖြစ်ပါသည်။နိုင်ငံခြားသားအလုပ်သမားများသို့အလုပ်ထောက်ပံ့ပေးနိုင်ခြင်းအချက်တစ်ခုတည်းသာမကအခြားလုပ်ငန်းခွင်နယ်ပါယ်တွင်နိုင်ငံခြားသားအလုပ်သင်သင်တန်းသား၊အထူးကျွမ်းကျင်လုပ်သားများကိုလက်ခံခွင့်ရှိလာနိုင်မည်ဖြစ်ပါသောကြောင့်အလုပ်ရှင်(လက်ခံသည့်အဖွဲ့အစည်း)အနေဖြင့်လည်းအလုပ်သမားမလုံလောက်မှုကိုဖြေရှင်းပေးနိုင်မည့်အလွန်ကောင်းမွန်အကျိုးရှိသောစနစ်ဖြစ်ပါသည်။

 

‌【ပေးအပ်မည့်နေထိုင်ခွင့်အမျိုးအစား】

အထူးစီမံကိန်းစနစ်ကိုအသုံးပြုပါကTokuteikatsudoဟုခေါ်သည့်အထူးလူပ်ရှားမှုနေထိုင်ခွင့်(အလုပ်လုပ်ခွင့်

ရှိ)အမျိုးအစားကိုလက်ခံရရှိပါမည်။နေထိုင်ခွင့်ကာလမှာတစ်နှစ်ဖြစ်ပါသည်။

 

【စတင်မည့်ကာလ】

၂၀ ဧပြီလ ၂၀၂၀ မှ

 

【လုပ်ဆောင်နိုင်မည့်လူပ်ရှားမှုများ】

လက်ခံသည့်အဖွဲ့အစည်းတွင်အထူးကျွမ်းကျင်လုပ်သားများအလုပ်အတွက်လိုအပ်သောကျွမ်းကျင်အရည်အချင်းများရရှိစေရန်ဆောင်ရွက်ပေးခြင်း။

 

【လိုအပ်ချက်များ】

လျှောက်ထားသူသည်အထူးစီမံကိန်းစနစ်အရဝင်ရောက်လုပ်ကိုင်မည့်လုပ်သား၏လုပ်အားခပမာဏသည်ဂျပန်လူမျိုးဝန်ထမ်းရရှိသည့်လုပ်အားခပမာဏနှင့်ညီတူသော်လည်းကောင်း ပို၍သော်လည်းကောင်းရရှိပါမည်။

အလုပ်လက်ခံသည့်အဖွဲ့အစည်းမှအထူးကျွမ်းကျင်လုပ်သားများကအလုပ်အတွက်လိုအပ်သောကျွမ်းကျင်မှုများရရှိစေရန်ဆောင်ရွက်ပေးခြင်းအားအလုပ်သမားများမှလက်ခံယူရန်ဆန္ဒရှိ၍(မိမိလုပ်ကိုင်လိုသောအထူးလုပ်ငန်းခွင်နယ်ပါယ်စာမွေးပွဲများအောင်မြင်သူသာ)တနည်းအားဖြင့်ကုန်ထုတ်လုပ်တပ်ဆင်ခြင်းနယ်ပါယ်

(၃)ခုဖြစ်သော(စက်မှုပစ္စည်းထုတ်လုပ်ငန်း၊စက်ရုံစက်မှုပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း၊လျှပ်စစ်အီလက်ထရောနစ်သတင်းအချက်အလက်)နှင့်စပ်လျဥ်း၍လျှောက်ထားသူသည်ဂျပန်ပြည်တွင်းကုန်ထုတ်လုပ်ငန်းနယ်ပါယ်အသီးသီးတွင်လုပ်ကိုင်နေပြီးအလုပ်ထုတ်ပယ်ခြင်းခံရသူများအကျုံးဝင်သည်။

လက်ခံသည့်အဖွဲ့အစည်းသည်လျှောက်ထားသူသည်အထူးကျွမ်းကျင်လုပ်သားဖြစ်ရန်လိုအပ်သောအရည်အချင်းများရရှိရန်အတွက်သင်ကြားလေ့လာရန်ဆန္ဒရှိသည်ဟုသဘောပေါက်နားလည်ပြီးလျှောက်ထားသူ၏အလုပ်လျှောက်ထားခြင်းကိုလက်ခံယူရပါမည်။

လက်ခံသည့်အဖွဲ့အစည်းသည်လျှောက်ထားသူအားစနစ်တကျလက်ခံ၍「နေထိုင်သူနိုင်ငံခြားသားများ (အလုပ်အရည်အချင်းကန့်သတ်ချက်ရှိသူများသာမကအခြားလုပ်ငန်းများတွင်ခွင့်ပြုချက်ရရှိထားသူများအပါအဝင်)အားအလုပ်ခန့်ထားဖူးခြင်းအတွေ့အကြုံရှိရပြီး၊လူဝင်မှုကြီးကြပ်ရေး၊အလုပ်သမားဥပ‌‌ဒေနှင့်အညီ လိုက်နာရမည်။အလုပ်လက်ခံသည့်အဖွဲ့အစည်းသည်လျှောက်ထားသူနှင့်ပါတ်သတ်၍အထူးကျွမ်းကျင်လုပ်သားအဖြစ်ပြောင်းလဲရန်လိုအပ်သောအရည်အချင်းများအားညွှန်ကြားခြင်း၊ကူညီပြောဆိုဆောင်ရွက်ခြင်းအပြင်နေ့စဥ်ဘဝနေထိုင်ရေးထောက်ပံ့ကူညီပေးခြင်း(သက်ဆိုင်ရာအေဂျင်စီသို့ဆွေးနွေးနိုင်ရန်လမ်းညွှန်ပေးခြင်း ထို့အပြင်လိုအပ်ပါကအတူလိုက်ပါဆောင်ရွက်ပေးခြင်း)များဆောင်ရွက်ရန်တာဝန်ခံထားရှိ၍လိုအပ်သည်ကိုဆောင်ရွက်ပေးရပါမည်။(သတိပြုရန်) ထောက်ပံခြင်းနှင့်စပ်လျဥ်း၍ ဥပမာလက်ခံသည့်အဖွဲ့အစည်းသည် အလုပ်လျောက်ထားသောအလုပ်သမား၏ယခင်ဆက်စပ်ရှိသောအဖွဲ့အစည်မှအထူးကျွမ်းကျင်အလုပ်

သမားအဖြစ်ပြောင်းရွေ့သည့်အခါကန်ထရိုက်ယူ၍ဆောင်ရွက်မည့်မှတ်ပုံတင်ဆောင်ရွက်မည့်အဖွဲ့အစည်းကသာလုပ်ဆောင်နိုင်မည်။လက်ခံသည့်အဖွဲ့အစည်းသည်လျှောက်ထားသူအားလက်ခံရန်အတွက်အခက်အခဲရှိခဲ့ပါကဒေသဆိုင်ရာလူဝင်မှုကြီးကြပ်ရေးဌာနသို့အမြန်ဆုံးဆက်သွယ်ရပါမည်။

【လိုအပ်သောစာရွက်စာတမ်းများ】

လိုအပ်သောစာရွက်စာတမ်းများမှာလျှောက်ထားသူ၏လက်ရှိနေထိုင်မှုအခြေအနေပေါ်တွင်မူတည်၍အပြောင်းအလဲရှိနိုင်သော်လည်းအခြေခံအားဖြင့်အောက်ပါအတိုင်းဖြစ်ပါသည်။

၁ နေထိုင်ခွင့်ပြောင်းလဲခြင်းခွင့်ပြုချက်လျောက်ထားလွှာ

၂ မိမိတိုင်းပြည်ပြန်ရန်အခက်ရှိပါကြောင်းအကြောင်းပြချက်

၃ လက်ခံသည့်အဖွဲ့အစည်းမှရေးသားသောအထောက်အထားစာချုပ်

 

【အကျဥ်းချုပ်】

Covid19Coronaပျံ့ပွားခြင်းဆိုးကျိုးကြောင့်ဂျပန်နိုင်ငံတွင်းနိုင်ငံခြားသားအလုပ်သမားများနှင့်အလုပ်သမားလိုအပ်ချက်မဖြည့်ဆည်းပေးနိုင်ပါသောကြောင့်လက်ခံသည့်အဖွဲ့အစည်းတွင်လည်းကြီးမားသောအခက်အခဲကြုံတွေ့နေရပါသည်။ အထူးစီမံကိန်းစနစ်ကြောင့်နိုင်ငံခြားသားအလုပ်သမားများနှင့်လက်ခံသည့်အဖွဲ့အစည်းနှစ်ဦးနှစ်ဘက်အဆင်‌ပြေသည်ဟုထင်မြင်မိပါသည်။သို့သော်စာရွက်စာတမ်းလုပ်ထုံးလုပ်နည်းသည်အလွန်ရှုပ်ထွေးပါသောကြောင့်နားလည်ကျွမ်းကျင်သောပညာရှင်ထံသို့တိုင်ပင်ဆွေးရန်အကြုံပြုပါသည်။

出入国管理庁HPはこちら
ミャンマー人への政府支援の記事はこちら